အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ မဲရုံများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် အပိုင်း (၂) ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲအတွက် မဲရုံအဖြစ် အသုံးပြုမည့် အဆောက်အဦများ၏ ပြင်ဆင်ခင်းကျင်းထားရှိမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက တာ၀န်ရှိသူများ ပူး‌ပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 09,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် ကျင်းပမည်ဖြစ်ရာ၊ မဲရုံတာဝန်ကျပညာရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ယနေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်ရုံးများတွင် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိသည်။
Jan 09,2026
ရန်ုကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လသာမြို့နယ်၌၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အား နိုင်ငံသူ/သားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ "ဒို့အတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လသာမြို့နယ် အနော်ရထာလမ်းမပေါ် လသာကားဂိတ်လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
Jan 09,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအဖြစ်ဆောင်ရွက်မည့် စာသင်ကျောင်းများအား ယ‌မန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့သည်။
Jan 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ JunctionCity ကားမှတ်တိုင်ရှေ့၌ ယမန်နေ့ နံနက် ၈ နာရီက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
Jan 09,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၈)ရက် နံနက်(၁၀)နာရီက ကျေးသီးမြို့၊ အခြေခံပညာမူလတန်းကျောင်း(မူလွန်)လုံပု၌ ပြည်ထောင်စုနေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။
Jan 09,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။