မင်းတုန်းမြို့နယ်တွင် မဲရုံအနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေး

မင်းတုန်း ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ မဲရုံများအနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက် ၁၀ နာရီက မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မဲရုံများအဖြစ် ဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ကျောင်းများ၏ အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်စေရေး၊ မဲရုံအဖြစ် ဆောင်ရွက်မည့် ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သည့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်ပုံများနှင့် ကောက်ရိုးပုံများမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)