ပြည်ကြီးတံခွန် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ 58 လမ်း၊ 62 လမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ မီးပွိုင့်များတွင် လမ်းသွားလမ်းလာပြည်သူများကို ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ကားဖြင့် လှည့်လည်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်ကာ မြို့နယ်အတွင်းရှိအများပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ရပ်ကွက်နေပြည်သူများ တာဝန်ကျမဲရုံများသို့ သွားရောက်ကာ မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲများ သွားရောက်ပေးနိုင်စေရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်စေရန် ရည်ရွယ်၍ LED ပိုစတာကြော်ငြာဘုတ်ကားဖြင့် လှည့်လည်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခြင်းများကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)