အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စု ပြည်ထောင်စုလမ်းမကြီးပေါ်၌ စက်တင်ဘာလ (၂၇) ရက် မွန်းတည့် (၁၂)နာရီ (၃၅)မိနစ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Sep 29,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပသည်။
Sep 29,2022
"မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်" ဆိုသည့်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီးမိသားစုစီးပွားရေးအား တစ်ဖက်တစ်လမ်းမှ
Sep 29,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တွင် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း၊ ကော်ဖီပျိုးပင်၊ အရိပ်ရပျိုးပင်များနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေး၊ စာရင်းဝန်ထမ်းနှင့်တာဝန်ရှိသူတို့ကအိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊(၇)မိုင်ကျေးရွာ၌ ပြည်သူများလိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် သပိတ်ကျင်းတပ်နယ်မှ (၇)မိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက် ၇ နာရီမှ ၉ နာရီ အချိန်အထိ လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
Sep 29,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း စတုတ္ထအကြိမ် (Myanopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။