မြောင်းမြခရိုင်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးထောက်ပံ့ငွေများပေးအပ်

မြောင်းမြ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက  အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယ (၃) လပတ်အတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွားတစ်ဦးလျှင် ငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် မြောင်းမြ မြို့နယ်ရှိ ဘိုးဘွား(၁၁၃၀)ဦးအတွက် ငွေကျပ် (၃၃,၉၀,၀၀,၀၀)၊ ဝါးခယ်မမြို့နယ်ရှိ ဘိုးဘွား (၉၃၈)ဦးအတွက် ငွေကျပ် (၂၈,၁၄,၀၀,၀၀)တို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးမှ တစ်ဆင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်ကျေးရွာများတွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားစုစုပေါင်း (၂၉၃၅)ဦးရှိပြီး၊ တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၈,၀၅,၀၀,၀၀)ကို လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)