Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟင်္သာတမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အိမ်မွေးတိရစ္ဆာန်များအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် ခွေးနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၁၁၂) ဦး မြဝတီအမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဆက်လက် ဝင်ရောက်
Sep 29,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင်ဆောင်ရွက်ပေးလျက်ရှိ ရာစက်တင်ဘာ ၂၈ ရက်နေ့ တွင် ၁၁၂ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၊ အား/ကာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီမြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်
Sep 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ရန်ကင်းမြို့နယ်အား/ကာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီမြန်မာ့သိုင်းသင်တန်းကို ၁၅-၉-၂၀၂၂ ရက်နေ့မှ ၁၅-၁၀-၂၀၂၂ ရက်နေ့အထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီမြန်မာ့သိုင်းသင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့၊ တောင်ပေါက်အ.ထ.ကတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်
Sep 29,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ တောင်ပေါက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့၊ ညနေပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်တွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း ဝန်ထမ်းနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကား သံများ
Sep 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ပါသည်-
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၊ ဂွေးကုန်းကျေးရွာ၌ မိုးကောင်းစေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကျင်းပ
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အုပ်ကြီးကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၊ ဇေယျသုခကျောင်းတိုက်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး ပြေလည်စေရေး အခြေခံစားသောက် ကုန်များအား ဆက်လက်ရောင်းချပေး
Sep 29,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစား သောက်ကုန်များအားသက်သာသော ဈေးနှုန်းဖြင့်ရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍ အမှတ်(၆)ရပ် ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15749
Page
15750
Page
15751
Page
15752
Current page
15753
Page
15754
Page
15755
Page
15756
Page
15757
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department