လှိုင်းဘွဲ စက်တင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေး၊ စာရင်းဝန်ထမ်းနှင့်တာဝန်ရှိသူတို့ကအိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရင်းဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကမော့ကချူးကျေးရွာတွင် အဘိုး(၁၁)ဦး၊ အဘွား(၇)ဦး၊ ကမော့လဲကျေးရွာတွင် အဘိုး(၆)ဦး၊ အဘွား(၅)ဦး၊ ကျုံပကို+ကြို့ချောင်းကျေးရွာတွင် အဘိုး(၉)ဦး၊ အဘွား(၁၃) ဦး၊ ကြာအင်းကျေးရွာတွင် အဘိုး (၅)ဦး၊ အဘွား (၁၁)ဦး၊ ကွမ်ဘီကျေးရွာတွင် အဘိုး(၉)ဦး၊ အဘွား(၂၄)ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀) ကျပ်နှုန်းဖြင့် သက် ကြီး ဘိုးဘွားများထံ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)