သပိတ်ကျင်း စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊(၇)မိုင်ကျေးရွာ၌ ပြည်သူများလိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် သပိတ်ကျင်းတပ်နယ်မှ (၇)မိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက် ၇ နာရီမှ ၉ နာရီ အချိန်အထိ လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၃၀)အိပ်၊ဆီ( ၁၁၀) ပိဿာ၊ ဆား၊ ကြက်သွန်နီ၊ အာလူးသီး၊ ခရမ်းချဥ်သီး၊ ကြက်ဥတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ တပ်မတော်သားများ၊ တပ်မတော်မိသားစုဝင်များ၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ ၊မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များမှ ပူးပေါင်းပြီး ပြည်သူများလက်ဝယ်အရောက် အပြင်ပေါက်စျေးထက်သက်သာသည့် စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာသို့ သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)