မိုးညှင်းမြို့နယ်တွင် (၂၂)ဘီး ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

မိုးညှင်း      စက်တင်ဘာ       ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စု ပြည်ထောင်စုလမ်းမကြီးပေါ်၌ စက်တင်ဘာလ (၂၇) ရက် မွန်းတည့် (၁၂)နာရီ (၃၅)မိနစ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် (၂၉၈)နှင့် (၂၉၉)ကြားရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မန္တလေးတိုင်းဒေသကြီးဘက်မှ မိုးညှင်းဘက်သို့ ယာဉ်မောင်းကျော်ဇေယျာထွန်း အသက်(၂၈)နှစ် မြန်အောင်မြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခန့်ပြည့်ဝင်း အသက်(၁၉)နှစ် သံဘိုကြီးကျေးရွာ မကွေးမြို့ မကွေးတိုင်းဒေသကြီးနေသူတို့ လိုက်ပါလာသော ယာဉ်အမှတ် YGN---- MITSUBISHI FUSO အမျိုးအစားအဝါရောင် (၂၂)ဘီး ဆီဘောက်ဆာယာဉ်မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း ကျော်ဇေယျာထွန်းသည် မေးစေ့အောက် ပြတ်ရှဒဏ်ရာ (၁)ချက်နှင့် ဝဲဘက်လက်ဖမိုး ပွန်းပဲ့ဒဏ်ရာ (၁)ချက်တို့ အသီးသီးရရှိခဲ့ပြီး ယာဉ်နောက်လိုက် ခန့်ပြည့်ဝင်းသည် ထိခိုက်ဒဏ်ရာတစ်စုံ တစ်ရာမျှရရှိခြင်းမရှိဘဲ ယာဉ်မောင်းအား မိုးညှင်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)