အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့က စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
Sep 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုးနဲမြို့နယ်၌     သစ်တောဦးစီးဌာနမှ     အဖွဲ့အစည်း၊ ဌာန၊ တပ်ရင်း၊ တပ်ဖွဲ့၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းများသို့  သစ်ပင်ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြန့်ဝေပေး‌ခဲ့ကြောင်း သိရသည်။
Sep 29,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်လက်ဖက်အား အခြေခံပြီး စားသောက်ကုန်နှင့်လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်း ကြီးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင်    ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့်ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
Sep 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံ ထူးချွန်စေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ၂၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ် အိုမီခရွန်ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း  (Mask)တပ်ဆင်ရေး Mask Campaign နှင့် အသိပညာပေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ ဗိုလ်ဗထူးအိမ်ယာလမ်းတစ်လျှောက်နှင့် အမှတ်(၄၉)ရပ်ကွက်၊ (၄၉)ဈေးရှေ့လမ်းတစ်လျှောက်တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆပ်ပြာရည်ဖြင့် ဆေးဖြန်းခြင်းလုပ်ငန်းများကို   ယမန်နေ့ ၁၁ နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင်ဦးစီး၍ တပ်ဖွဲ့ဝင်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။