ကျွန်းစု စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း စတုတ္ထအကြိမ် (Myanopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Does) တတိယအကြိမ်ထိုးနှံပြီး၍ (၆) လနှင့်ထက် ပြည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myanopharm) ထိုးနှံပေးလျက်ရှိပြီး တစ်ကြိမ်မှထိုးနှံခြင်း မရှိသောသူများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စိုးစိုးသွယ် (ပြန်/ဆက်)