Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စလင်းမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှစိုက်ပျိုးထားရှိသည့် အထူးစိမ်းတစ်အုပ်တစ်မ စိုက်ခင်းနှင့်အခြားစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 29,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် အခြားစိုက်ခင်း (၃၀) ဧကနှင့် အထူးစိမ်းတစ်အုပ်တစ်မ စိုက်ခင်းများအား ၂၀၂၀ - ၂၀၂၁ ခုနှစ်များက စိုက်ပျိုးခဲ့ရာ ယမန်နေ့က အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကျေးရွာလုပ်သားများ စုပေါင်း၍ မြေသြဇာကျွေးခြင့်နှင့် ပေါင်းမြက်များသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 29,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၂)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 29,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၉/၂၀၂၂)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် ဒေသနေပြည်သူတို့အား စားနပ်ရိက္ခာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးတပ်နယ်မှူး၏ ကြီးကြပ်မှုဖြင့် တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မိသားစုများက တနိုင်တပိုင် စိုက်ပျိုးမွေးမြူရေး ထားရှိသည်မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်စုံ၊ သားငါးများကို မြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်းသက်သာ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်စေရန် ယနေ့နံနက်ပိုင်းက လင်းခေးယာယီပျံကျဈေး၌ လာရောက်ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာနှင့် ညောင်လန်းကျေးရွာချင်းဆက် အရှည် (၁၇ပေ×၂၅ပေ) အတိုင်းအတာရှိ သံကူကွန်ကရစ် ‘ပန်းဝေတံတား´ဖွင့်ပွဲကျင်းပ
Sep 29,2022
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာနှင့် ညောင်လန်းကျေးရွာသို့ ဆက်သွယ်ထားသည့် သံကူကွန်ကရစ် `ပန်းဝေတံတား´ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတံတားရှေ့တွင်ကျင်းပရာ အခမ်းအနားသို့ ကမာမိုကျေးရွာ ကျောင်းကြီးဆရာတော် ဘဒ္ဒန္တဉာဏနှင့်ဆရာတော် သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဌာနဆိုင်ရာများနှင့် ကျေးရွာရပ်မိ ရပ်ဖများ၊ အလှူရှင်များ ပြည်သူများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Sep 29,2022
မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သထုံခရိုင်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယမန်နေ့၊ နံနက် (၁၁)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး(Anti Rabies Vaccination)ကို ယနေ့မန်နေ့ မွန်းလွဲ ၃ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းကျော်သူနှင့်ဝန်ထမ်းများက အလယ်ကုန်းရပ်ကွက်၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးအခမဲ့ထိုးနှံပေး
Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျက်ဆူတောကျေးရွာတွင် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15748
Page
15749
Page
15750
Page
15751
Current page
15752
Page
15753
Page
15754
Page
15755
Page
15756
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department