မဟာအောင်မြေ အောက်တိုဘာ ၄
မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ သက်ပြည့်အငြိမ်းစားယူခဲ့သော အသက်(၇၀)ကျော် ဆရာ ကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို၍ မြတ်ဆရာသီးချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာတင်ထွန်းက ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ် အမှာစကားပြောကြားပြီး ကန်တော့ခံအငြိမ်းစားဆရာကြီး ဆရာမကြီးများအား ဩကာ ဿ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး(၃၁)ဦးအနက် (၁၃)ဦးတက်ရောက်ကာ အကြောင်းအမျိုးအမျိုးကြောင့် မတက်ရောက်သည့် ဆရာကြီး/ဆရာမကြီးများအား အိမ်တို င်ရာရောက် ကန်တော့ခံပစ္စည်းများ သွားရောက်ပူဇော်ကန်တော့ ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပူဇော်ကန်တော့ပွဲအား အငြိမ်းစားဆရာကြီး တစ်ဦးမှ ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်တွင် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများပြသခဲ့ပြီး ပူဇော်ကန်တော့ပွဲသို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒု-ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာမောင်မောင်ဝင်း၊ ဒု-ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နီနီအောင်၊ တွဲဖက်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံ ဌာနမှူးများ၊ မန္တလေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သင်ကြားစီမံဌာန ပေါင်းစုံဝန်ထမ်းများ စုစု ပေါင်း(၃၀၀)ဦးတက်ရောက်ကြကြောင်း သိရသည်။
အောင်ဇော်မင်း