ကန်ကြီးထောင့် အောက်တိုဘာလ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီး (စံပြ)ကျေးရွာတွင် အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသင်တန်းကျောင်း(ပုသိမ်) တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားအား အဆိုပါကျေးရွာရှိ ကရင်အမျိုးသားစာပေ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးနေထက်ရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးခရိုင်ဦးစီးမှူး ဦးမျိုးဝင်းက သင်တန်းဖွင့် လှစ်ရခြင်း ရည်ရွယ်ချက်အား ထိရောက်စွာအသုံးပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က သင်တန်းသားသင်တန်းသူလေးများ သင်တန်းပြီးမြောက် ပြီဖြစ်၍ လက်တွေ့နယ်ပယ် တွင်အကျိုးရှိစွာ ပညာရပ်တခုကို ထိထိရောက်ရောက် အသုံးပြုကြရေး တိုက်တွန်းရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် ဆုရရှိကြသူများအား တာဝန်ရှိသူအသီးသီးက ဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အဆိုပါစက်ချုပ်သင်တန်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘက္ကာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးသင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ရာ တက်ရောက်သူ သင်တန်းသားသင်တန်းသူ စုစုပေါင်း (၃၅) ဦးရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်