အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁)ဦးအား လူမှုရေးပင်စင် ငွေများ သွားရောက်ထောက်ပံ့

ရွှေပြည်သာ  အောက်တိုဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်း က အမှတ်()ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား  (၂၁) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၆၃၀၀၀၀/-) ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယ()လပတ်အတွင်း  ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက် (၂၃)ရပ်ကွက်နှင့် ကျေးရွာ()ရွာအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့် အထက် အဘိုး၊ အဘွား စုစုပေါင်း (၈၂၂) ဦးရှိကြောင်းနှင့် အဘိုး၊ အဘွား တစ်ဦးလျှင် (၃၀၀၀၀/- ) နှုန်း  ဖြင့်ရပ်ကွက်၊ ကျေးရွာများအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လူမှုရေးပင်စင်များကို အဘိုး၊အဘွားများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)