တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဆီထွတ်သီးနှံ နေကြာစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်

တွံတေး       အောက်တိုဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးစစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ဆီထွတ်သီးနှံ (နေကြာ)မျိုးစေ့ရရှိရေး စိုက်ဧကပြည့်မီရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀:၃၀ အချိန် က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် က အမှာစကားပြောကြားပြီး ဆီထွက်သီးနှံ (နေကြာ)မျိုးစေ့ရရှိရေး ဖြန့်ဖြူးရေးကိစ္စရပ်များ စိုက်စနစ်များ မှန်ကန်စေရေး မြို့နယ်အဆင့် ဆောင်းသီနှံ (နေကြာ) စိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် သီးနှံများအောင်မြင်စွာဖြစ်ထွန်းနိုင်ရေးအတွက် မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့ ကျေးရွာကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကျေးရွာအုပ်စု လယ်/စီများမှ တင်ပြလာသည့် လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ယင်းဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၀င်များ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၀င်များ ပါ၀င်သောဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ဆီထွတ်သီးနှံ(နေကြာ)ကို နိုဝင်ဘာလမှစတင်ကာ လှိုင်သာယာ- တွံတေးကားလမ်းမဘေးနှင့် တွံတေး-ဒလကားလမ်းမဘေးရှိ ကျေးရွာ (၁၃)ရွာ၌ ဧက (၇၅၀)ဧက စိုက်ပျိုးမှာဖြစ်ပြီး နေကြာသက်တမ်းမှာ (၈၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား