ဘုတ်ပြင်း အောက်တိုဘာ ၄
ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစ ကလေးငယ်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊အသည်းရောင်အသားဝါ(ဘီ)စသည့်(၅)မျိုးစပ် ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအားကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် လစဉ်လဆန်းပိုင်းမှစ၍ ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)