ရွှေပြည်သာမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေပြည်သာ  အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ မီးသတ်စွမ်းရည်များ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ()နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် မီးသတ်စခန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသွင်ယုနိုင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းသို့ သင်တန်းသား (၅၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ အောက်တိုဘာ ()ရက်မှ အောက်တိုဘာ(၂၈) ရက်နေ့အထိ စာတွေ့လက်တွေ့များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)