ဘိုကလေး အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ ဘိုးဘွားများအား ယမန်နေ့ နံနက်(၉)နာရီတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် Gold Vision glass ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ဘိုးဘွားများ၏ မျက်စိကျန်းမားရေးအား အခမဲ့စစ်ဆေးကာ မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် ဘိုးဘွားများအား မျက်မှန်များ အခမဲ့လှူဒါန်းပေးခဲ့သည်။
အဆိုပါ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာတွင် အဘိုး(၈)ဦး၊ အဘွား(၂၀)ဦးရှိရာ ၎င်းတို့အား မျက်စိကျန်းမာရေး စစ်ဆေးရာတွင် မျက်မှန်တပ်ဆင်လိုအပ်သည့် ဘိုးဘွား(၂၇)ဦးအား မျက်မှန်များ လှူဒါန်းပေးခဲ့ကြောင်းနှင့် မျက်မှန်လှူဒါန်းခြင်းအား မျက်စိအလင်းကောင်းမွန်စွာရရှိ၍ ဘိုးဘွားများ စိတ်နှလုံးချမ်းမြေ့စွာ တရားအားထုတ် နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း လှူဒါန်းသူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)