ငရုတ်ကောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငရုတ်ကောင်း အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သစ်ရောင်းကျေးရွာအုပ်စု၊သစ်ရောင်းကျေးရွာနှင့် မိချောင်းဂေါင်း ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး မြတ်သန်းထွန်းနှင့် စစ်ကြောင်းကြီး ၅ ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက သစ်ရောင်းကျေးရွာနှင့် မိချောင်းဂေါင်းကျေးရွာတို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်း များ အောင်မြင်ဖြစ်ထွန်းနိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ လုပ်ဆောင် နိုင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်များ လိုက်နာဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ ကြပြီး ပြည်သူများ၏ တင်ပြမှုများအ‌ပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများကို ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြပြီး မိချောင်းဂေါင်းကျေးရွာ အလယ်တန်းကျောင်းခွဲသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ ကာ ကျောင်း၏လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)