တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်   အောက်တိုဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီက ထား ဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန် းကျောင်းမှ ကျောင်းသား/သူများက ဆရာဟူသည်သီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော ကမ္ဘာ့ ဆရာများနေ့သဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဦးဝင်းနောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/သူများက ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း ၊ ကုဋေ" သီချင်းဖြင့် သီဆိုတင်ဆက်ဖျော်ဖြေပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများက ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ ကျောင်းသား/သူများက မြတ်ဆရာ သီချင်းဖြင့် သီဆိုဖော် ကျူးခဲ့ကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်တင်ပြကြပြီး အငြိမ်း စားဆရာကြီး၊ ဆရာမကြီးများအား တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက  ကန်တော့ချိုး ဖြင့်ရှိခိုးကန်တော့ကြသည်။

ယင်းနောက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်းများပေးအပ်ပြီး ဆရာကြီး၊ ဆရာမကြီးများက ဆုံးမသြဝါဒစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)