ပန်းတနော် အောက်တိုဘာ ၆
အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့ ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယ မြို့နယ် ပညာရေးမှူးဦးလင်းထင် (စီမံ+ဘဏ္ဍာ)မှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း၊ ကန်တော့ခံဆရာကြီး ဆရာမကြီးများအား ကန်တော့ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပြီး ကန်တော့ခံဆရာကြီး ဆရာမကြီးများကိုယ်စား ဆရာကြီး တစ်ဦးမှ ဆုံးမသြဝါဒစကားပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲ များက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပညာရေးဌာနမှ အောင်သပြေ ဘိုးဘွားရိပ်သာအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)