အမြို့မြို့အနယ်နယ်သတင်းများ

May 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် (၂)နာရီ အချိန်က အမှတ်(၁)ရပ်ကွက်ရုံးသို့ နယ်သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း(လွန်)ကျောင်း(အင်းလက်အရှေ့)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်နှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။
May 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ မိုင်းယောင်းမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
May 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၇ နာရီခွဲ အချိန်ကစင်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်စတင်လျက်ရှိကြောင်း သိရသည်။
May 22,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက ကျောက်စောင်းကျေးရွာအုပ်စုမှ တောင်သူ(၆၆)ဦးတို့၏ မိုးစပါးစိုက်ဧက(၁၉၉)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၂၉၈.၅)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
May 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့တိုင်ရင်းဆေးရုံတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
May 22,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ယနေ့နံနက်(၇) နာရီမှ စတင်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။
May 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ကမာရွတ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့နံနက်ပိုင်းက  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၂)ရပ်ကွက်၊အနော်ရထာအိမ်ရာဝင်းသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။