ကျွန်းလှ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့နံနက် ၆ နာရီက သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပသည်။
အဆိုပါ ရွေးကောက်ပွဲကျင်းပနေခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်၊ ဌာမဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်းပြီး မဲဆန္ဒရှင် ပြည်သူများ စိတ်ပေးချမ်းစွာမဲပေးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် မြို့ပေါ်လေးရပ်ကွက်တွင် မဲရုံ (၉)ရုံနှင့် ကျေးရွားအုပ်စု (၈)တွင် မဲရုံ (၁၃)ရုံ၊ စုစုပေါင်း မဲရုံ(၂၂)ရုံရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ