ရေတာရှည် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆ နာရီ၌ မဲရုံအသီးသီးတွင် စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာလာရောက် မဲပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂) မဲပေးခြင်းမဆောင်ရွက်မီမဲရုံတာဝန်ရှိသူများက ပါတီကိုယ်စားလှယ်များအား မဲပုံများပြသ၍ နံနက်(၆)နာရီတိတိတွင် မဲရုံးမှူးက မဲရုံဖွင့်လှစ်ကြောင်းကြေညာခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများက မဲနံပါတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြသ၍ လွှတ်တော်အသီးသီး၌ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုမဲပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ရေတာရှည်မြို့နယ်၌ မဲရုံ (၁၁၀)ရုံတွင် မဲပေးမည့်မဲဆန္ဒရှင်ပြည်သူ(၁၀၂၇၃၆)ဦး ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)