အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ စာချကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော မြရတနာဓမ္မစကူးလ်၌ ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြသည်။
Jan 12,2026
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များ၏ ပါဝင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်နိုင်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို တက်ရောက်ရန် ပဲခူးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့သည် အုပ်ချုပ်သူများနှင့်အတူ ယမန်နေ့နေ့‌လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် ဦးဆောင်ကာ နေပြည်တော်သို့ ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရသည်။
Jan 12,2026
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်ကာ၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၁)မြို့နယ်ရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ယမန်နေ့နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့်ဖိအား တစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ တစ်ခဲနက်ဆန္ဒမဲများပေးကြသည်။
Jan 12,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်(၆)နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မဲရုံအသီးသီးတွင် ရပ်ရွာပြည်သူများသည်အေးချမ်းစွာဖြင့် တခဲနက် ထောက်ခံဆန္ဒမဲများပေးလျက်ရှိသည်။
Jan 11,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် ယနေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အပိုင်း(၂) အနေဖြင့် မြို့နယ်ပေါင်း (၁၀၀) တွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2026
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဝန်ကြီးများ၊ အတွင်းရေးမှူးဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး ဇန်နဝါရီလ ၁၁ ရက်‌‌ နံနက် ၁၀ နာရီ ၅၂ မိနစ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာရှိ အထက(ဆည်ရွာ) မဲရုံအမှတ်(၁)၌ လည်း‌ကောင်း၊ ပလိပ်ကျေးရွာရှိ အထက(ပလိပ်) မဲရုံအမှတ် (၄)၌ လည်းကောင်း၊ တဘက်ဆွဲ‌ကျေးရွာရှိ အထက(ခွဲ) (တဘက်ဆွဲ) မဲရုံအမှတ်(၁)၌ လည်းကောင်း ဆန္ဒမဲလာရောက်ပေးနေမှုအား လိုက်လံကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။
Jan 11,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
Jan 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။