ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ဝမ်းတွင်းမြို့နယ်အတွင်းရှိမဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက် ဆန္ဒမဲပေး

ဝမ်းတွင်း ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်အတွင်းရှိ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ သက်ဆိုင်ရာမဲရုံအသီးသီးတွင်ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများမှ နွားလှည်း၊ ကား၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့်  လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။    

ဝမ်းတွင်းမြို့နယ်အတွင်း  မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် မဲရုံပေါင်း (၂၁၈)ရုံ ရှိပြီးမြို့နယ် အတွင်း မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း ( ၁၆၀၀၀၀)ကျော် ရှိကြောင်းသိရသည်။  

မြို့နယ်(ပြန်/ဆက်)