အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီးငဖဲမြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစတင်ကာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိသည်။
Jan 11,2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေး‎ကောက်ပွဲ အပိုင်း(၂)အတွက် ‎ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက်(၆)နာရီအချိန်၌ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များနှင့်‎ ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်၊ ကျေးရွာများအလိုက် အေးချမ်းစွာဖြင့် ဆန္ဒမဲလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီအချိန်မှ စတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများကမဲရုံ အသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက်(၆) နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြသည်။
Jan 11,2026
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂ဝ၂၅ခု၂ဝ၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်က သက်ဆိုင်ရာမဲရုံအသီးသီးတွင် ပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။
Jan 11,2026
၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝိုင်းလုံးတွင် ကျင်ပပြုလုပ်ရာ ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)အနေဖြင့် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့တွင် မဲဆန္ဒရှင်ပြည်သူ အားလုံးက သက်ဆိုင်ရာမဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးကြသည်။
Jan 11,2026
ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာ လာရောက်မဲပေးနေကြကြောင်း သိရသည်။ တုံတာမြို့အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံကြီးကြပ်ရေးသူများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စလှယ်လောင်းများစသည့် အသိသက်သေများရှေ့မှောက်တွင် MEVM စက်မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများဆောင်ရွက်ပြီးသည့်နောက် နံနက် ၆ နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီးမဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် မိမိတို့ကြိုက်နှစ် သက်ရာပါတီများကို လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။