သနပ်ပင် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပလျက်ရှိရာယနေ့ နံနက် ၆ နာရီအချိန်တွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများပေးလျက်ရှိသည်။
သနပ်ပင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၆၆)အုပ်စုအတွင်းရှိ မဲရုံ (၈၆) ရုံ၌ ပြည်သူ့လွှတ်တော် လေးပါတီ၊ အမျိုးသားလွှတ်တော်ခြောက်ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ခုနှစ်ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်ငါးပါတီတို့က သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင် ကြသည့် နိုင်ငံရေးပါတီမှကိုယ်စားလှယ်လောင်းများကို ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)