တံတားဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲ လာရောက်‌ပေးလျက်ရှိ

တံတားဦး  ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ‌ထွေ  ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ ကျင်းပလျက်ရှိကြရာ တံတားဦးမြို့နယ်အတွင်းရှိ မဲရုံများ၌မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်း သာစွာ လာရောက်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်းသိရသည်။တံတားဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် မဲရုံအသီးသီးတို့တွင် ဆန္ဒမဲလာရောက်  ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများအား စိတ်အေးချမ်းစွာဆန္ဒမဲပေးနိုင်ရေး တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များက ဆန္ဒမဲပေးရာ၌ စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၂၀ တွင်  မဲရုံပေါင်း ၄၀ ထားရှိပြီး အသက်၁၈နှစ်နှင့် အထက် ဆန္ဒမဲပေးရန် အကျုံးဝင်သည့်အမျိုးသားဦးရေ ၁၇.၄၁၆ ဦး၊ အမျိုးသမီးဦးရေ ၂၀.၉၇၆ ဦး စုစုပေါင်း ၃၈.၃၉၂ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။ 

ရဲတင့် (ပြန်/ဆက်)