အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမဲရုံများတွင် ယနေ့နံနက် ၆ နာရီက စတင်၍ မဲရုံများစတင်ဖွင့်လှစ်ခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Jan 11,2026
ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၅ ခုနစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနေကြကြောင်းကို သိရသည်။ မိုင်းတုံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံကြီးကြပ်ရေးသူများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ ကိုယ်စလှယ်လောင်းများစသည့် အသိသက်သေများ ရှေ့မှောက်တွင် MEVM စက်မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ ကိုယ်စလှယ်လောင်းများအားကြိုတင် စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် ၆ နာရီ အချိန်မှ စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် မိမိတို့ကြိုက်နှစ် သက်ရာပါတီများကို အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
Jan 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီကစတင်ကာ မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်းကြေညာပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာသက်ဆိုင်ရာမဲရုံများ၌ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2026
ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများ‌အနေဖြင့် အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီမှ စတင်ကျင်းပလျက်ရှိရာ နတ်မောက်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေး လျက်ရှိသည်။
Jan 11,2026
မြင်းမူမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)ကို ဇန်နဝါရီလ ၁၁ ရက်နံနက် ၆ နာရီအချိန်၌ မဲရုံများဖွင့်လှစ်ပြီး စတင်ကျင်းပလျက်ရှိရာ မဲရုံအသီးသီး၌ ပြည်သူများ စနစ်တကျတန်းစီ၍ အေးချမ်းပျော်ရွှင်စွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်၊၊ 
Jan 11,2026
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ရေးခရိုင်၊ လမိုင်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မဲရုံများတွင် ယနေ့ နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူ အများအပြား ဆန္ဒမဲပေးလျက်ရှိကြသည်။
Jan 11,2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင်ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံများတွင် လာရောက်ဆန္ဒမဲပေးခဲ့ကြသည်။