အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာလာရောက် မဲပေးလျက်ရှိကြောင်း သိရသည်။ မိုင်းတုံမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်သူများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများရှေ့မှောက်တွင် MEVM စက် မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေး ကြိုးတပ်ဆင်ခြင်းနှင့် ကုတ်နံပါတ်များစစ်ဆေးဆောင်ရွက်ပြီး  နံနက် ၆ နာရီတွင်မဲရုံစတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင် ပြည်သူများက မိမိတို့အမည်စာရင်းပါ သက်ဆိုင်ရာမဲရုံများ တွင် အေးချမ်းလွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြသည်။
Jan 11,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိမဲရုံများတွင် ပြည်သူများအနေဖြင့် ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် အေးချမ်းစွာဖြင့် ဆန္ဒမဲပေးလျက်ရှိသည်။ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောက်နစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင်းဆိုင်းနေကြသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် စတင်မဲပေးခဲ့ကြသည်။
Jan 11,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာ ရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သန်လျင်မြို့နယ် အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ဆောင်ရွက်ခဲ့ကြသည်။
Jan 11,2026
တနင်္သာရီတိုင်းဒသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ သတ်မှတ်ထားသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်၍မဲပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယ‌နေ့ နံနက် ၆ နာရီမှစတင်၍ မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။
Jan 11,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီကမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ၊ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိသည်။
Jan 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)အား ယနေ့ နံနက်ပိုင်းမှစတင်၍ကျင်းပရာ မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများမှ စိတ်အေးချမ်း ပျော်ရွင်စွာဖြင့် လာရောက်၍ဆန္ဒမဲများ ပေးလျှက်ရှိကြသည်။
Jan 11,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ မဲရုံအသီးသီးတွင်  မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိသည်။