အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Oct 15,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း သင်တန်း အမှတ်စဉ် ၂/၂၀၂၂ ကို ယမန်နေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Oct 15,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းကာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်လမ်းမကြီးနှင့် လမ်းသွယ်၊ လမ်းကြားများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Oct 15,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာပေါင်း(၃၀၀)ကျော်တွင် ကျေးရွာပေါင်း (၁၅၀)ရွာကျော်ခန့်သာ လျှပ်စစ်မီးရရှိ
Oct 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် နဂါးမောက်စိုက်ပျိုးခြင်းကြောင့် မိသားစု ဝင်ငွေရရှိကြောင်း သိရသည်။
Oct 14,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအတွက် အဆင့်မြင့်စက်ချုပ်ပညာ သင်တန်းများအပြင် အခြေခံလက်မှု ပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာ ချက်ပြုတ်နည်း သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိရာ ယနေ့အထိ အမျိုးသမီးငယ် သင်တန်းသူ(၃၂၅၅)ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ နတ်သျှင်နောင်ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Oct 14,2022
ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကလိကျေးရွာ၊ ရွာဦးဓမ္မာရုံ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။