တောင်ငူမြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ငူ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ နတ်သျှင်နောင်ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ အစည်းအဝေးကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ဌာနဆိုင်ရာများ လုံခြုံရေးသတိရှိကြရန်၊ ဌာနဆိုင်ရာအချင်းချင်း ဝိုင်းဝန်းပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်ကြရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းများ အားပေးစေချင်ကြောင်း၊ သုံးသီးစိုက်လုပ်ငန်း များ တွန်းအားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာလုပ်ငန်းများကို စီမံကိန်းလျာထားချက်နှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက မိမိတို့ဌာနလုပ်ငန်းများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ (၃၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)