အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့်လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Oct 15,2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ပြုလုပ်ခဲ့သည်။
Oct 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပျဥ်ပင်ရပ်ကွက်တွင် တိုင်ဒေသကြီး၏ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စက်တင်ဘာလ (၂၀) မှစတင်၍ လျှပ်စစ်ဓာတ် အားပေး Transformer (၁)လုံးအသစ်တိုးချဲ့တည်ဆောက်ခဲ့ရာ ယခုအခါ(၉၀%) ဆောက်လုပ်ပြီး စီးနေပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်မှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်း ထွန်းထံမှသိရသည်။
Oct 15,2022
ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်နှင့် ဦးသန်းအောင်ကျော်သည် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။
Oct 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်အမှတ်(၁)ရပ်ကွက်၊သော်ကမြိုင်လမ်း(၈၀'၁၂'၆")ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ငုရွှေဝါလမ်း (၃၆၀'၁၂'၆")ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ် ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှ ပြိုင်ပွဲကိုအောက်တိုဘာ(၂၂)နေ့တွင် စည် ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ဆင်များ၊ဈေးပတ်ဆင်များအား ကြိုတင်ပြင်ဆင်စရိတ် ချီးမြှင့်ထောက်ပံ့သည့်အခမ်းအနား ကို  ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ငွေကျပ်(၁၂၈) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 15,2022
နေပြည်တော်အတွင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ
Oct 15,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပမှဝင်ရောက် ဖြေဆိုမည့်သူများ သင်ကြားသင်ယူမှုအဆင်ပြေစေရန်နှင့်အောင်ချက်မြင့်မားရေးအတွက် ရည်ရွယ်ကာစာသင်ဌာန(၁၀)ခုဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။