ပဲခူး အောက်တိုဘာ ၁၄
ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကလိကျေးရွာ၊ ရွာဦးဓမ္မာရုံ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါက မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်လတ်က ကလိကျေးရွာ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံသို့ ရန်ပုံငွေကျပ်သိန်း (၃၀၀)အား လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)