အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းနှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ဝါလကင်းလွတ်အခါသမယ အခြားမြို့နှင့်မတူ တစ်မူထူးခြားသည့် ကချင်ပြည်နယ် မိုးကောင်းမြို့၏ မြို့ဓလေ့ဖြစ်သည့် သတင်းကျွတ် လပြည့်ကျော်(၅)ရက် ယနေ့တွင် တောင်ပေါ်ဘုရားဖူးသူများ စည်းကားလျက်ရှိကြောင်း သိရသည်။
Oct 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
Oct 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်(Book Club,Youth Club, Women Club)အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသည့် ‘လူငယ်တွေ စဉ်းစားဖို့’ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက လူထုအခြေပြူဗဟိုဌာနခန်းမ၌ပြုလုပ်သည်။
Oct 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေအသုံးချသူအဖွဲ့/အသင်းများမှ အဖွဲ့ဝင်တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေး သင်တန်း (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းစိုက်ပျိုးရေးဝန်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “မျောက်ကျောက်ရောဂါအကြောင်း” အသိပညာပေးဆွေးနွေးပွဲ TALK SHOW ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ စာရင်းများကောက်ခံပြီး ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိခဲ့ကြောင်းသိရသည်။