ပန်ဆောင်မြို့တွင် နဂါးမောက်စိုက်ပျိုးခြင်းဖြင့် မိသားစု၀င်ငွေရရှိ

ပန်ဆောင် အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် နဂါးမောက်စိုက်ပျိုးခြင်းကြောင့် မိသားစု ဝင်ငွေရရှိကြောင်း သိရသည်။ ပန်ဆောင်မြို့သည် စပါးအဓိကစိုက်ပျိုးသော မြို့တစ်မြို့ဖြစ်ပြီး ကိုဗစ်ကာလကြောင့် အခြားဝင်ငွေရရှိစေရန် အာရာဂျီ စိုက်ပျိုးခြင်း၊ ဝဥစိုက်ပျိုးခြင်းလုပ်ငန်းအပြင် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော ဒေသထွက်သီးနှံအဖြစ် နဂါးမောက် သီးနှံအား မိသားစု အပိုဝင်ငွေရရှိစေရေးအတွက် တစ်ပိုင်တစ်နိုင် တောင်သူလယ်သမားအချို့က စမ်းသပ်စိုက်ပျိုးခဲ့ကြရာ ယခုအခါ နဂါးမောက် စိုက်ပျိုးသူများ ဝင်ငွေရရှိကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)