အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “မျောက်ကျောက်ရောဂါအကြောင်း” အသိပညာပေးဆွေးနွေးပွဲ TALK SHOW ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ စာရင်းများကောက်ခံပြီး ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိခဲ့ကြောင်းသိရသည်။
Oct 14,2022
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပြီး ရေဖြူမြို့မေတ္တာလမ်းနှင့် ကျောက်တိုင်လမ်းဆုံ လူသွားလူလာများသောနေရာများသို့ သွားရောက်ပြီး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Oct 14,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၇၀)နှစ်နှင့်အထက် (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပရာ မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား ဆရာ၊ ဆရာမကြီးများ တက်ရောက်ကန်တော့ခံခဲ့ကြသည်။
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ​ရွှေဘိုအ​တွေး​ရွှေဘို​သွေးစာ​ပေအနုပညာမဂ္ဂဇင်း အမှတ် (၃)၊ ၂၀၂၂ခုနှစ်စာအုပ်မှ၊ ဆရာမြင့်​အောင်ရေးသားထားသည့်"​ရေကြည်တော်ပုံရိပ်ရဲ့လွမ်းစရာ့အတိတ်" ဝတ္ထုတိုဖြင့်ယနေ့ နံနက်(၁၀)နာရီချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
Oct 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Oct 14,2022
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိကအားထားလုပ်ကိုင်ကြပြီး မိုးအကုန်ဆောင်းအကူးတွင် ယင်းတို့၏ ကိုင်း‌မြေများ၌ တိရစ္ဆာန်မှထွက်ရှိသည့် သဘာဝမြေသြဇာများကို အသုံးပြုလျက်  ပဲတောင့်ရှည်မျိုးများကိုလည်း စိုက်ပျိုးထားကြသည်။
Oct 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာရေးဆရာခင်မောင်တိုး (မိုးမိတ်) ရေးသားသော “အောင်မြင်ရေးလောင်စာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။