အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း မှန်ကန်​စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က စျေးတောင်ရပ်ကွက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Oct 14,2022
ကလေးအလုပ်သမားပပျောက်ရေး ကလေးသူငယ်များအတွက် လုပ်ငန်းခွင်တွင်ထိခိုက်မှုမှ အများဆုံးကာကွယ်ပေးနိုင်ရေး၊ မှန်ကန်သောလုပ်ခလစာအပြည့်အဝရရှိနိုင်ရေး စသော အသိပညာများအား ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show အား ယနေ့နံနက်ပိုင်းက စုကလိမြို့ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့ သည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌  သရက်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ကံမမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ အခြေခံပညာကျောင်းများမှ သင်တန်းသား ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်သည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) တို့ပူးပေါင်းစီစဉ်မှုဖြင့် နတ်သံကွင်းကျေးရွာအုပ်စု နတ်သံကွင်းကျေးရွာရှိ အ.ထ.က ကျောင်းနှင့် တုံးကြီးကျေးရွာအုပ်စု သံဘိုကျေးရွာရှိ အ.ထ.က(ခွဲ) သံဘိုကျောင်းတို့တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အား ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်သည့်မျိုးစေ့နှင့်စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများထုတ်ချေးပေးခြင်းနှင့် နေကြာမျိုးစေ့နှင့်သွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီက ချောင်းကျိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
Oct 14,2022
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့တွင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့၊ စုပေါင်းရုံးရှေ့၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။