ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်မြေလုံခြုံရေးအတွက် တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေး

မောင်တော အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းကာ ယမန် နေ့ညနေပိုင်းက  မြို့ပေါ်လမ်းမကြီးနှင့် လမ်းသွယ်၊ လမ်းကြားများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များက မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအ တွက်မြို့ပေါ်လမ်းမကြီးများတွင် သွားလာနေကြသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များတွင် ဖောက်ခွဲရေးပစ္စည်းများ မရှိစေရေးအတွက် နေရာ ၈ ခု ခွဲကာ ရပ်တန့်ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေလုအောင်(မောင်တော)