Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲကျောပိုးအိတ်(အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေ
Oct 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေး တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ ဆက် ဆံရေး တပ်ခွဲကျောပိုးအိတ် (အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီမှ စတင်၍ မိုင်းခုတ်တပ်နယ်၊ အမတ (၃၈၇)ရှိ ဘုရင့်နောင်ခန်းမ၌ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ယခုနှစ် ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည်
Oct 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် နေကြာသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်စေရေးတို့အတွက် ယခုနှစ်ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၊ ရွာသာအေး မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Oct 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာအတွင်းရှိ မွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းကုန် ထုတ် သမဝါယမအသင်း လီမိတက်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်…
Oct 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက်လုပ်ငန်းဆောင် ရွက်နေမှုအား ယနေ့နံနက်(၈)နာရီအချိန်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှို…
Oct 15,2022
မွန်ပြည်နယ် ချောင်ဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉)နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်မှ လာရောက်ပြီး ချောင်းဆုံမြို့နယ် ရပ်ကွက်/ကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးဟောပြော
Oct 15,2022
စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းခရိုင် အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်း မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 15,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ဂွေးတောက်ကွင်း ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၁၅၈)၊ ဦးပိုင်အမှတ် (၆၀/၂) တောင်သူဦးတင်ဝင်း၏ မိုးစပါးစိုက်ပျိုးလယ်မြေ စပါးစံပြကွက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Oct 15,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15550
Page
15551
Page
15552
Page
15553
Current page
15554
Page
15555
Page
15556
Page
15557
Page
15558
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department