Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ယမန်နေ့မွန်းလွဲ ၂ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ ပဲမျိုးစုံ(၁၀၈၄၉)ဧကစိုက်ပျိုးထားရှိ ပဲတီစိမ်းများစတင်ခူးဆွတ်နေပြီဖြစ်
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ယခုနှစ်မိုးရာသီ၌ ပဲမျိုးစုံ(၁၀၈၄၉)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့ရှိ သဘာဝပုန်းတလုတ်ရေကန် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆောင်ရွက်
Oct 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက်က သဘာဝပုန်းတလုတ်ရေကန် လမ်းဘေးဝဲယာတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများစားသုံးဆီဖူလုံစေရေးနှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သာဂရကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၌ မိုးကောင်းသောက်စပါးများဖြစ်ထွန်းအောင်မြင်
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရာသီဥတုကောင်းမွန်သဖြင့် စပါးထွက်တိုးရန် သေချာကြောင်း ရေဖြူမြို့နယ် (က)ရပ်ကွက် မိုးစပါးစိုက်ပျိုးတောင်သူ ဦးမျိုးနိုင်က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကြည့်ရှုစစ်ဆေး
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စပါးအစေ့ချစနစ်ဖြင့် စိုက်ပျိုးသည့်မျိုးသန့်စပါးစိုက်ခင်းအား တောင်သူများ အထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်း
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးမိုးစပါးများ လုပ်အားအင်အား သက်သာစေသောနည်းစနစ်ဖြင့် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးစေခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ချင်းခင်ကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာ၊ တောင်သူ ဦးမြင့်ဝင်း၏ စပါးအစေ့ချကိရိယာဖြင့် စိုက်ပျိုးခဲ့သည့် မျိုးကောင်းမျိုးသန့်စိုက်ခင်း(၅)ဧက စံပြစိုက်ကွက်အား တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက်ရည်ရွယ်ကာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစို(၁၁၁)တင်း ထွက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
“နမ့်ခုံး”ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမြို့နယ် နာမှုကူညီရေးနှင့်ကုသိုလ်ဖြစ်(အခမဲ့) ဆေးခန်းမှ တာဝန်ရှိသူတို့ မျက်စိခွဲစိတ်ကုသမှုခံယူရန်လိုအပ်သော သက်ကြီးဘို…
Oct 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊"နမ့်ခုံး"ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမြို့နယ် နာမှုကူညီရေးနှင့်ကုသိုလ်ဖြစ်(အခမဲ့)ဆေးခန်းမှ အသင်းခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ယနေ့နံနက်၌မြို့နယ်အတွင်းရှိ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင်မျက်စိခွဲစိတ် ကုသမှုခံယူရန်လိုအပ်လျက်ရှိသော ဒေသခံပြည်သူ(၉)ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် လင်းခေးမှတောင်ကြီးမြို့သို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15519
Page
15520
Page
15521
Page
15522
Current page
15523
Page
15524
Page
15525
Page
15526
Page
15527
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department