Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမောင်မန်းညိုရေးသားသော “သွားတက်ကလေးနှင့်ရသစုံကဗျာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် တအာင်းတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပြတိုက် ပြုလုပ်ရန်အတွက် အစည်းအဝေးပြုလုပ်
Oct 18,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် တအာင်းတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပြတိုက် ပြုလုပ်ရန် အတွက် အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ဒေသဦးစီးရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင…
Oct 18,2022
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးခြင်း အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ထွက် တောင်ယာသခွားသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
Oct 18,2022
မြဝတီခရိုင်၊ စုကလိမြို့သည် ရေခံမြေခံအခြေခံကောင်းသော မြို့ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့လည်းဖြစ်သည်။ စုကလိသည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာများတွင် စပါး၊ ပြောင်း၊ သခွားသီး၊ ငရုတ်သီး အစရှိသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုအချိန်တွင် စုကလိဒေသထွက် တောင်ယာသခွာသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံး မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စည်ပင်သာယာမြို့မစျေး၌ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် အတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် သရုပ် ပြခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပြိုကျပျက်စီးခြင်းနှင့် အမိုးလန် ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် မြို့လုံးကျွတ်ကထိန်အလှူတော်ကျင်းပ
Oct 18,2022
မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ တစ်နှစ်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာတစ်လ တစ်လမှာတစ်ကျောင်း စသည့် ကထိန်အလှူတော်မင်္ဂလာအား ယမန်နေ့ နေ့လယ်ပိုင်းက စုကလိမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံး မြို့နယ်တွင် အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်မားရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတို့ပူးပေါင်း၍ ယနေ့နံနက် ၈နာရီက မြို့ ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15521
Page
15522
Page
15523
Page
15524
Current page
15525
Page
15526
Page
15527
Page
15528
Page
15529
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department