Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွာငံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသနေပြည်သူများတွေ့ဆုံ
Oct 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့် ဒေသနေပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် (၁၀ )နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်အတွင်းရှိ အမှတ်(၂)ရပ်ကွက်တွင် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် နေ့စဉ်ဆောင်ရွက်
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 18,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများလောင်းလှူပွဲကျင်းပ
Oct 18,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထ္လီလာမြို့ မြို့မရပ်ကွက်တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများလောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ဆုတောင်းပြည့်ဘုရားပရဝုဏ်အနီးတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ…
Oct 18,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၅)ဘီလီယံ ခွဲဝေချထားပေးခဲ့ပြီးဒေသတွင်းရှိ စိုက်ပျိုး/မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရန်ရည်ရွယ်၍ ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ပဲခူးတွင်ကျင်းပ
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမှန် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက “မီဒီယာကဏ္ဍသည် နိုင်ငံတော်အခန်းကဏ္ဍတွင် စတုတ္ထမဏ္ဍိုင်ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ပြည်သူများ သတင်းအမှန်သိရှိစေရန် အရှိကို အရှိအတိုင်း အစွဲအလမ်းကင်းစွာဖြင့် ထုတ်ပြန်ပေးကြရန်လိုကြောင်း၊ ယနေ့အချိန်ကာလသည် ပြည်သူများ သတင်းအမှန်သိရှိရန် လိုအပ်သဖြင့် တက်ရောက်လာသော သတင်းမီဒီယာသမားများမှ ပြည်သူများ သတင်းအမှန်သိရှိရေးအတွက် မိမိတို့သက်ဆိုင်ရာ ဂျာနယ်၊ စာစောင်၊ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများအပေါ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေးဆောင်ရွက်ချက် များအားလည်း မှန်မှန်ကန်ကန် ပြည်သူများထံသို့ အသိပေးကြရန် တိုက်တွန်းမှာကြားပါကြောင်း”
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် လေဘေးသင့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများထောက်ပံ့
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသည်း ထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေ များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းသုခ မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံတုံးကြီးကျေးရွာအုပ်စု တောင်သူ ဦးသန်းဇော်၏ လယ်ယာမြေ (၃၀)ဧကတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15517
Page
15518
Page
15519
Page
15520
Current page
15521
Page
15522
Page
15523
Page
15524
Page
15525
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department