အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျိုက်လတ်မြို့နယ်အတွင်းရှိ စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခဲ့သည်။
Oct 18,2022
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့နယ် မိုင်းပတ်(အထက်)အုပ်စု၊ ဖာပဲကိုကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 18,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများအနက် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မိုးရာသီကာလတွင် မိုးဦးမိုးနည်းပါးခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေ နည်းပါးခြင်းကြောင့် မိုးနှမ်းစိုက်ပျိုးရာ၌ အထွက်နှုန်း ညံ့ဖျင်းသော်လည်း  နှမ်းစျေးကောင်းရရှိသဖြင့်  တောင်သူများ အနေဖြင့် ဆောင်းနှမ်းများ ပိုမိုစိုက်ပျိုး လာကြကြောင်း  ကြူအိုင်ကျေးရွာရှိ တောင်သူတစ်ဦးဖြစ်သူ ကိုနိုင်ထံမှ သိရသည်။
Oct 18,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပန်းခင်းစီမံချက်အဆင့် (၂) ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) ရက် နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 18,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားအမျိုးသား (၂၄၁)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
Oct 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။