ညောင်တုန်း အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲမှူး ဒုတိယရဲမှူး သီဟကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစောနေပိုင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် အခြေခံပညာအထက်တန်း ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ် များ သွယ်တန်းထားရှိမှုနှင့် ကြံ့ခိုင်မှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ကြရန်နှင့် ကျောင်းလုံခြုံရေးအထူး ဂရုပြု ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)