အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျမှုကြောင့် ပျက်စီးသွားခဲ့သည့် မလွန်ကျေးရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁) လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ သည်။
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ ညနေ(၄)နာရီခွဲအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်(လားရှိုး)၏ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးသင်တန်းဆင်းပွဲအခမ်းအနားကို Viedo Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Oct 18,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးမင်းမင်းဦးတို့သည် ရှမ်းပြည်နယ်အရှေပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်နှင့်မိုင်းတုံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များလျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည် ကွမ်းသီးပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင် ကွမ်းသီးမှည့်များ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူမိသားစုများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း ကွမ်းခြံလုပ်ကိုင်သူထံမှ သိရသည်။
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် တောင်သူစိုက်ပျိုးနည်းပညာသင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက်(၉:၀၀) အချိန်က သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 18,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌မိုး စပါးစိုက်ပျိုးရာ (၅၅၁၀၀) ဧကကျော်စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများသည်(၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး နန်းပုလင်းကျေးရွာအုပ်စု၌  ဘုရင်နရပတိစည်သူ တည်ထားခဲ့သည့် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသည့် ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်းစေတီတော်မြတ်ကြီး၌ ဒေသခံပြည်သူများက သံဃာတော်ကြီးများနှင့် သံမဏေတော်များကို ယနေ့နံနက်ပိုင်းတွင် ဆွမ်းလောင်းပူဇော်သည်။