အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ စိုက်ခင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးဆောင်ရွက်မည့် တောင်သူများအား စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ပုသိမ်မြို့နယ် မြက်တိုစုပေါင်းရုံး အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန် တွင် ကျင်းပသည်။
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့များ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသော "ပန်းများပွင့်စေ မွှေးစေသူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign အရှိန်အဟုန်မြှင့်ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်း‌ကျောင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုအား ယနေ့ နံနက်(၁၀) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အတွင်းရှိ အများပြည်သူများသွားလာရာ လမ်းမများတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖြန်းခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်ဖြင့် ဖြန်းပတ်ပေးခဲ့ကြောင်းသိရသည်။
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပျဉ်ထောင်စုကျေးရွာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက အ.ထ.ကမင်းလှ(မြို့တွင်း)ကျောင်း၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်ကဆောင်ရွက်ခဲ့သည်။
Oct 18,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များမှ ပန်လုံမြို့၊ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းအလှူငွေထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟိုပန်မြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်း/ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။