မင်းလှ အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက အ.ထ.ကမင်းလှ(မြို့တွင်း)ကျောင်း၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်ကဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့်-၁ ဒေါ်ဥမ္မာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများပူးပေါင်း၍ မြို့ပေါ်ကျောင်း(၈)ကျောင်းမှအသက်(၅) နှစ်မှ(၁၂)နှစ်အထက်ကျောင်းသား/ သူ(၁၁၅)ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)